ပြင်သစ် မြို့ကြီးများ ပင်စင်စနစ်ပြောင်းလဲမှုကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ

ပြင်သစ်နိုင်ငံတဝန်းက မြို့ကြီးတွေမှာ ဇန်နဝါရီ ၃၁ ရက်က အငြိမ်းစား လုပ်ခလစာ ပင်စင်အတွက် ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ လူစုလူဝေးကို ပါရီမြို့တော်ရဲတပ်ဖွဲ့က မျက်ရည်ယို ဓာတ်ငွေ့တွေ အသုံးပြုပစ်ခတ်လူစုခွဲခဲ့ပါတယ်။
သမ္မတအီမန်နျူယယ်မက်ခွန်းအစိုးရ ချမှတ်ထားတဲ့ အငြိမ်းစားမယူခင် အလုပ်ပိုလုပ်ရမယ့် အစီအမံကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ မာဆေးလေးနဲ့ လီယွန်လို မြို့ကြီးတွေမှာ သာမက ရင်းစ်နဲ့ မောင့်ပေရီယေမြို့တွေ အပါအဝင် မြို့အများအပြားမှာပါ ဖြစ်ပွားခဲ့ပါတယ်။
အငြိမ်းစား ယူရမယ့်အသက်ကို ၆၄ နှစ်ထိ တိုးလိုက်တာကို ပြင်သစ်နိုင်ငံသား အများအပြားက ဆန့်ကျင်နေတာဖြစ်ပြီး သမ္မတ မက်ခွန်းကတော့ ပင်စင်စနစ် ပြုပြင်ပြောင်းလဲတာ မရှိမဖြစ် အရေးပါတယ်လို့ ပြောထားပါတယ်။
ပါရီမြို့တော်က ဆန္ဒပြပွဲမှာတော့ လူပေါင်း ၈၇,၀၀၀ လောက် ပါဝင်ဆင်နွှဲခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။