နယူးဂျာစီပြည်နယ်ကောင်စီဝင် အမျိုးသမီး ၁ ဦး ပစ်သတ်ခံရ

နယူးဂျာစီပြည်နယ် ကောင်စီဝင်အမျိုးသမီး ယူးနစ်စ် ဒွမ်းမ်ဖှောဟာ ဖေဖော်ဝါရီ ၂ ရက်က သူ့ရဲ့နေအိမ်အပြင်ဘက်မှာ ပစ်သတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က သေဆုံးရတဲ့အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးပါဘူး။
ယူးနစ်စ်ဒွမ်းမ်ဖှောကို သူ့ရဲ့ အဖြူရောင် SUV ကားထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ အဖြူရောင် SUV ကားကို အခင်းဖြစ်ရာကနေ အဝေးကို ယူသွားတာ တွေ့ရပါတယ်။
နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ဖှီလ် မာဖှီက သူအသတ်ခံရမှုအတွက် “အံ့အားသင့်ခဲ့ရတယ်” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၀ အရွယ် ဒွမ်းမ်ဖှောဟာ အချက်ပေါင်းများစွာ ပစ်သတ်ခံခဲ့ရတယ်လို့ ရဲက ပြောပြီး တရားခံကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
ရီပတ်ဘလစ်ကန်ကောင်စီဝင် ယူးနစ်စ်ဒွမ်းမ်ဖှောဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။