အရပ်ဘက်သုံး လေသင်္ဘော အမေရိကန်လေပိုင်နက်အတွင်း မရည်ရွယ်ဘဲရောက်ခဲ့ဟု တရုတ် ဝန်ခံ

အမေရိကန် လေပိုင်နက်အတွင်းကို အရပ်ဘက်သုံး လေသင်္ဘောတစ်စီး မရည်ရွယ်ဘဲ ရောက်ရှိခဲ့ခြင်းမှာ ကြိုတင်သိရှိ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ အခြေအနေတရပ်ကြောင့်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၄ ရက်မှာ အတည်ပြု ပြောဆိုပါတယ်။
ဒီလေသင်္ဘောဟာ တရုတ်နိုင်ငံမှဖြစ်ပြီး ဒါကို သုတေသနအတွက် အဓိကအားဖြင့် မိုးလေဝသဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုတဲ့ အရပ်ဘက်သုံး လေသင်္ဘောဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အနောက်ဘက်မှ တိုက်ခတ်တဲ့ လေပြင်းတွေနဲ့ အကန့်အသတ် ရှိတဲ့ ပဲ့ကိုင်ထိန်းချုပ်နိုင်စွမ်းတွေ ကြောင့် အဲဒီလေသင်္ဘောဟာ သူ့ရဲ့စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ဝေးကွာသွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူအရ သိရပါတယ်။
အရေးပေါ်အခြေအနေကြောင့် အမေရိကန် လေပိုင်နက်အတွင်းသို့ မရည်ရွယ်ဘဲ လေသင်္ဘော ဝင်ရောက်မှုအပေါ် တရုတ်ဘက်မှ နောင်တရရှိကြောင်းနဲ့ တရုတ်ဘက်ကတော့ အမေရိကန်နဲ့ အဆက်အသွယ် ဆက်လုပ်သွားမှာဖြစ်ပြီး ကြိုမသိလိုက်ဘဲ ထိန်းချုပ်မရတဲ့ အင်အားကြီးတခု ကြောင့် ဒီမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကို စနစ်တကျ ကိုင်တွယ်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။