close

အဆင့်မြင့် T-90M တင့်ကားများဖြင့် ရုရှား စစ်ရေးလေ့ကျင့်

ယူကရိန်းနိုင်ငံဆီ ဂျာမနီရဲ့ ခွင့်ပြုချက်နဲ့ တင့်ကားတင်ပို့ရောင်းချမှုကို တန်ပြန်တဲ့အနေနဲ့  ရုရှားတပ်ဖွဲ့တွေက အဆင့်မြင့် T-90M တင့်ကားတွေနဲ့ လေ့ကျင့်ခဲ့တယ်လို့ ရုရှား နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။

နေ့ရောညပါ လေ့ကျင့်မှုအတွင်း တင့်ကားတွေဟာ ရန်သူရဲ့သံချပ်ကာယာဉ်တွေ၊ လူအင်အားနဲ့ လေယာဉ်တွေ အပါအဝင် မီတာ ၅၀၀၀ အကွာအဝေးအထိ ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

T-90M ဟာ T-90 တင့်ကားတွေကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး တိုက်ခိုက်ရေး ဆုံလည် စနစ်သစ်၊ မီးထိန်းစနစ်နှင့် ကာကွယ်ရေးစနစ်တို့ပါ ပါတယ်။

ဂျာမနီဟာ သူ့ရဲ့ Leopard 1 တိုက်ပွဲဝင်တင့်ကား အဟောင်းတွေကို ယူကရိန်းဆီ တင်ပို့ဖို့ အတည်ပြုထားပေမယ့် တင့်ကားအရေအတွက်နှင့် ရရှိနိုင်သည့် ရက်အတိအကျကို မသိရသေးဘူးလို့ ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။

 Leopard 1 တင့်ကားသည် ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီနိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင်ဖန်တီးထားတဲ့ တိုက်ပွဲဝင်တင့်ကားပါ။ 

ဂျာမန်စစ်တပ်ဟာ Leopard 1 တင့်ကားကို မသုံးတော့ဘဲ အဆင့်မြှင့်တင်ထားတဲ့ Leopard 2 တင့်ကား ကိုသာ သုံးပါတယ်။

ဖေဖော်ဝါရီ ၂ ရက်မှာ ပိုလန်ဟာ Leopard တင့်ကားတွေ သုံးဖို့ ယူကရိန်းစစ်သားတွေအတွက် စပြီး လေ့ကျင့်ပေးနေပြီလို့ ကြေညာခဲ့ပါတယ်။

Up