close

ခြေစွမ်းမတိုးတက်ပါက ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ဟု လီဗာပူး ဂိုးသမား အလစ်ဆန်ပြော

လီဗာပူးအသင်းသားတွေအနေနဲ့ ခြေစွမ်းတိုးတက်လာမှု မရှိဘူးဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်တော့မှာ မဟုတ်ကြောင်း ဂိုးသမား အလစ်ဆန်က ပြောပါတယ်။ 

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၁၀ မှာရပ်တည် နေတာပါ။ 

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့် ၄ နေရာက နယူးကာဆယ်အသင်းထက် တစ်ပွဲလျော့ အခြေအနေမှာ ၁၁ မှတ် ကွာဟနေတာပါ။ 

ဂိုးသမား အလစ်ဆန်ကတော့ ကစားသမားတွေဘက်က ခြေစွမ်းတိုးတက်လာမှုမရှိခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို မေ့ထားနိုင်ပြီ ဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ပွဲစဉ်တွေကို ပြန်တွေးမနေတော့ဘဲ ရှေ့လာမယ့်ပွဲစဉ်တွေကို အာရုံစိုက်ယှဉ်ပြိုင်ကစားရ မှာဖြစ်ကြောင်း၊ ကောင်းမွန်တဲ့အခြေအနေမရှိသေးပေမယ့် ယုံကြည်မှုရှိရှိနဲ့ ယှဉ်ပြိုင်သွားဖို့ လိုအပ်ကြောင်း ဂိုးသမားအလစ်ဆန်က ပြောသွားပါတယ်။ 

Up