မန်စီးတီးကို တန်းဆင်းကစားရန် ပြစ်ဒဏ်ချမှတ်ရမည်ဟု ဘဏ္ဍာရေးအကြံပေးဟောင်း သုံးသပ်

3
ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း သက်သေပြနိုင်ခဲ့ရင် မန်စီးတီးအသင်းကို တန်းဆင်းကစားဖို့ ပြစ်ဒဏ်ချမှတ်ရမယ်လို့ အသင်းရဲ့ ဘဏ္ဍာရေးအကြံပေးဟောင်း စတက်ဖန် ဘော်ဆန် ကပြောပါတယ်။
လက်ရှိအချိန်မှာရှေ့နေလုပ်နေတဲ့ ဘဏ်လုပ်ငန်းအရာရှိဟောင်း စတက်ဖန်ဘော်ဆန်ဟာ တချိန်က မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြံပေးတာဝန်ယူခဲ့ ဖူးသူပါ။ အသင်းဟောင်းမန်စီးတီးအသင်းကို သတိပေးမှုအနေနဲ့ ဖြစ်ဖြစ် အရေးယူမှုလုပ်တဲ့အခါမှာ တန်းဆင်းကစားစေတဲ့ ပြစ်ဒဏ်ဆီဦးတည်ရမယ်လို့ ဘော်ဆန်က ပြောပါတယ်။
ပရီးမီးယားလိဂ်ဘက်က စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မန်စီးတီးအသင်းကို စစ်ဆေးမှုတွေလုပ် ဆောင်ပြီး အနည်းဆုံးပြစ်ဒဏ်အနေနဲ့ အမှတ်လျှော့ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း လေ့လာသူတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။