close

အိန္ဒိယ Adani စီးပွားရေးအုပ်စု အစုရှယ်ယာတန်ဖိုးများ ကျဆင်း

အိန္ဒိယနိုင်ငံ Adani စီးပွားရေးအုပ်စုရဲ့ အစုရှယ်ယာတန်ဖိုးတွေ ဆက်တိုက်ကျဆင်းနေလို့ လုပ်ငန်းပေါင်းစုံ စီးပွားရေးအင်အားစုကြီးရဲ့ စျေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁၀ ထိကျဆင်းခဲ့ရပါတယ်။

အမေရိကန်အခြေစိုက် ဟင်ဒန်ဘာ့ဂ် သုတေသနအဖွဲ့က ဇန်နဝါရီ ၂၄ ရက်ထုတ် အစီရင်ခံစာထဲမှာ Adaniအဖွဲ့ကို အခွန်အထူးခံစားခွင့်၊ ရေရှည်မရပ်တည်နိုင်မယ့် ကြွေးမြီနဲ့ စတော့ရှယ်ယာ ခြယ်လှယ်မှုတွေနဲ့ စွပ်စွဲခဲ့အပြီး ဒီအကျပ်အတည်း ပေါ်ပေါက်လာခဲ့တာပါ။

Adani ကုမ္ပဏီများ လုပ်ငန်းစုနဲ့ ပတ်သက်ဆက်ဆံမှုရှိတဲ့ အိန္ဒိယနိုင်ငံတော်ဘဏ်နဲ့ အစိုးရပိုင် အသက်အာမခံ ကော်ပိုရေးရှင်းတို့ လက်အောက်ခံ ရုံးအတော်များများရဲ့ အပြင်ဘက်နဲ့ နိုင်ငံတဝန်းမှာ ဆန္ဒပြဖို့ ရာချီတဲ့ အောက်လွှတ်တော်အမတ်တွေ စုရုံးခဲ့ကြပါတယ်။

အိန္ဒိယရဲ့ ထိပ်တန်း လုပ်ငန်းပေါင်းစုံ ကုမ္ပဏီကြီး Adani အုပ်စုကတော့ ဝေဖန်ချက်တွေကို ပယ်ချပြီး အသေးစိတ် ပြန်ချေပချက်တွေမှာ အမှားအယွင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Adani အုပ်စုဟာ ဆိပ်ကမ်း၊ လေဆိပ်၊ လျှပ်စစ်စွမ်းအင်၊ သတ္တုတွင်း၊ သဘာဝဓာတ်ငွေ၊ အစားအစာထုတ်လုပ်မှုစတဲ့ လုပ်ငန်းတွေ လုပ်ကိုင်တာဖြစ်ပါတယ်။

Up