close

ဂျာစီ စပွန်ဆာသစ်ရရန် ကုမ္ပဏီအများအပြားနှင့် ချဲလ်ဆီးအသင်း ဆွေးနွေး

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဂျာစီစပွန်ဆာသစ်ရဖို့အတွက် စီးပွားရေးလုပ်ငန်း အများအပြားနဲ့ ဆွေးနွေးနေပါတယ်။

တနှစ်ကို ပေါင်သန်း ၄၀ ရရှိနေတဲ့ လက်ရှိ ဂျာစီအင်္ကျီရင်ဘတ်စပွန်ဆာ Three နဲ့ စာချုပ်သက်တမ်းဟာ အခုနှစ် ရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။

ချဲလ်ဆီးအသင်းဟာ Three နဲ့ စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်မှာမဟုတ်ဘဲ တခြား စပွန်ဆာသစ်တွေ ရရှိဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အခုနှစ်ရာသီမှာ ကစားသမားခေါ်ယူမှုတွေအတွက် ပေါင်သန်း ၃၀၀ ကျော် အသုံးပြုခဲ့တာ ဖြစ်လို့ ဂျာစီစပွန်ဆာသစ်ကနေ များပြားတဲ့ဝင်ငွေပြန်ရဖို့ ချဲလ်ဆီးအသင်းက မျှော်လင့်ထားပါတယ်။

ပြိုင်ဘက် မန်စီးတီးအသင်းက ဘဏ္ဍာရေးအရှုပ်အရှင်းတွေကြောင့် အရေးယူခံရတော့မယ့် အချိန်မှာ ချဲလ်ဆီးအသင်းဘက်က သင်ခန်းစာယူပြီး ဝင်ငွေနဲ့ထွက်ငွေ မျှတဖို့ ရည်ရွယ်နေပါတယ်။

Up