ဒဏ်ရာရ ဂိုးသမား ဟူဂိုလိုရစ် ၆ ပတ်ခန့် အနားယူရန်ရှိသဖြင့် စပါးအသင်း ရုန်းကန်ရနိုင်

4
စပါးဂိုးသမား ဟူဂိုလိုရစ်ရဲ့ ဒူးဒဏ်ရာအခြေအနေဟာ သက်သာလာခြင်းမရှိတာကြောင့် သီတင်း ၆ ပတ်ခန့်အနားယူရမယ်လို့သိရပါတယ်။
အသက် ၃၆ နှစ်ရှိ ပြင်သစ်နံပါတ်တစ်ဂိုးသမားဟာ မန်စီးတီးကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရခဲ့တာပါ။
စပါးအသင်းဟာ လိုရစ်ရဲ့ နေရာကို အစားထိုးဖို့အတွက် အင်္ဂလန်နဲ့ ဆောင်သမ်တန် ဂိုးသမားဟောင်း ဖရေဇာဖော်စတာကို ခေါ်ယူထားတာပါ။
စပါးအသင်းဟာ လက်ရှိပရီးမီးယားလိဂ် ၂၂ ပွဲကစားအပြီးမှာ ၁၂ ပွဲနိုင်၊ ၃ ပွဲသရေ ၇ ပွဲ ရှုံးနိမ့်ခဲ့ပြီး လာမယ့်တပတ်မှာ လက်စတာနဲ့ တွေ့ဆုံနေတာပါ။
အဲဒီပွဲကို လိုရစ်လွဲချော်မှာဖြစ်သလို နောက်ထပ် ပွဲစဉ် ၈ ပွဲလောက်အထိ ဆက်ပြီး လွဲချော်နိုင်တယ်လို့ သိရပါတယ်။