close

လတ်ဗီးယားရှိ အမေရိကန်ပိုင် ဒရုန်းစက်ရုံ မီးလောင်

လတ်ဗီးယားနိုင်ငံရှိ အမေရိကန်ပိုင် ဒရုန်းစက်ရုံမှာ ဖေဖော်ဝါရီ ၇ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်မှာ ရီဂါဆင်ခြေဖုံးရှိ Edge Autonomy လေကြောင်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံဆီ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေကို ခေါ်ယူခဲ့ကြောင်း လတ်ဗီသတင်းအေဂျင်စီ LETA က ပြောပါတယ်။

ဒေသခံတွေကို မီးခိုးငွေ့တွေ မရှူရှိုက်မိစေဖို့ ပြတင်းပေါက်တွေနဲ့ တံခါးတွေကို ပိတ်ထားကြဖို့ တိုက်တွန်းထားပါတယ်။

မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ထုတ်လုပ်မှုအဆောက်အအုံအတွင်း မီးတောက်တွေကို ထိန်းထားနိုင်ဖို့ ၄ နာရီကြာ လုပ်ဆောင်ခဲ့ရကြောင်း ပြည်နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနခွဲ (VUGD) က တွစ်တာမှာ ပြောပါတယ်။

လူနှစ်ဦးကို ဆေးရုံတင်ထားရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုကို အမှုဖွင့်ထားကြောင်း လတ်ဗီးယားနိုင်ငံရဲ့ VUGD ပြည်နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနတို့ကို ကိုးကားပြီး LETA သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

Up