မန်ယူအသင်းကိုဝယ်ယူရန် ကာတာလုပ်ငန်းရှင်များ အပြိုင်အဆိုင်ကြိုးပမ်း

4
ကာတာစီးပွားရေးလုပ်ငန်းရှင်တွေဟာ မန်ယူအသင်းကိုဝယ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး ကမ်းလှမ်းမှုတွေ စတင်တော့မယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
ကာတာလုပ်ငန်းရှင်တွေဟာ ပီအက်စ်ဂျီအသင်းကိုပိုင်ဆိုင်တဲ့ ကာတာရင်းနှီးမြှုပ်နှံမှုအုပ်စုနဲ့ သက်ဆိုင်မှုမရှိဘဲ တဦးချင်း ကြွယ်ဝချမ်းသာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေကြောင့် မန်ယူအသင်းကိုဝယ်ယူဖို့ ကြိုးပမ်းရာမှာ ပီအက်စ်ဂျီအသင်းရဲ့ ပိုင်ဆိုင်သူတွေနဲ့ ပတ်သက်ပြီး ပြဿနာတစုံတရာ မရှိနိုင်ဘူးလို့ ယုံကြည်နေကြတာပါ။
မန်ယူအသင်းကို ဝယ်ယူနိုင်မယ်ဆိုရင် နည်းပြတန်ဟတ်ဂ်အတွက် အပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေကို ခေါ်ယူခွင့်ပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းကို ပိုင်ရှင် ဂလေဇာမိသားစုက အရောင်းစာရင်းတင်ထားပြီး ပေါင် ၆ ဘီလီယံလောက်ရဖို့ အလိုရှိပါတယ်။