close

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ၂ နှစ်ပြည့်၊ ကူညီပံ့ပိုးသွားမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာပို့

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့တာ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ ၂ နှစ်ပြည့်မြောက်ပြီး လူထုသပိတ်တိုက်ပွဲတွေကို စနစ်တကျ ဦးဆောင်ကာ မပျက်မယွင်း ချီတက်လာနိုင်တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ ကူညီပံ့ပိုးမယ်လို့  မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်  ၃ ဖွဲ့က သဝဏ်လွှာပေးပို့ပါတယ်။

အဲဒီသဝဏ်လွှာမှာ ဘဝတူ မြန်မာပြည်သား တိုင်းရင်းသားပြည်သူလူထုရဲ့ နိုင်ငံရေးဆန္ဒ မျှော်မှန်းချက်တွေကို အမြဲတမ်းလေးစား အသိအမှတ်ပြုပြီး ဘုံရပ်တည်ချက်၊ ဘုံရည်မှန်းချက် တူညီသူတွေနဲ့ တသားတည်း ရပ်တည်နေပြီး ကူညီပံ့ပိုးလို့ရနိုင်တဲ့ အရာတွေကို အတတ်နိုင်ဆုံး ဆက်လက်ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ အန်စီအေ ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘဲ လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူထောက်ခံပြီး တော်လှန်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို ကူညီထောက်ပံ့သွားမှာ ဖြစ်တဲ့အကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Up