ဆိုက်ဘေးရီးယားရှိ အိမ်ရာတိုက်ခန်း တခုတွင် ဓာတ်ငွေ့ပေါက်ကွဲပြီး ၅ ဦး သေဆုံး

အာရှမြောက်ပိုင်းဒေသအများစုကို လွှမ်းခြုံထားတဲ့ ရုရှားပြည်နယ် ဆိုက်ဘေးရီးယားရှိ နိုဗိုဆီဗက်စ်ခ်မြို့မှာ အိမ်ရာတိုက်တန်းတခုမှာ ဖေဖော်ဝါရီ ၉ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားအရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ အထပ်ပေါင်းများစွာရှိတဲ့ နေအိမ် အဆောက်အအုံက အကြီးအကျယ် ပျက်စီးသွားပြီး အဆောက်အအုံရဲ့ မျက်နှာစာပိုင်းက ပွင့်ထွက်ပျောက်ဆုံးသွားပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၅၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ရာဇ၀တ်မှုကြီးတွေအတွက် တာဝန်ယူ လုပ်ဆောင်ရတဲ့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
ဒီစစ်ဆင်ရေးမှာ ဝန်ထမ်း ၄၇၃ ဦးလောက် ပါဝင်ကယ်ဆယ် ကူညီခဲ့ကြောင်း အရေးပေါ် ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။