close

ကစားသမားများ ပွဲဆက်များသဖြင့် ဝန်ပိနေဟု မန်ယူနည်းပြ တန်ဟတ်ဂ်ပြော

မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ ပွဲဆက်များလို့ ဝန်မိနေတယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းဟာ အခုလထဲမှာ ၈ ပွဲ ဆက်တိုက်ကစားရဖို့ရှိပြီး  ပြိုင်ပွဲ ၄ ရပ်စလုံးမှာ ပွဲဆက် များလာခဲ့တာပါ။

ပွဲဆက်များမှုနဲ့အတူ ဒဏ်ရာနဲ့ပွဲပယ်ခံရတဲ့ ကစားသမားတွေလည်းရှိနေတာကြောင့် ကစားသမား တွေအပေါ်မှာ မတန်တဆဝန်ပိနေတယ်လို့ နည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။ 

“ဒီရာသီက ခက်ခဲတဲ့ ဘောလုံးရာသီဆိုတာ သေချာပါတယ်။ ကမ္ဘာ့ဖလားကလည်း ကြားခံ လိုက်တော့ ကစားသမားတွေအပေါ် ဝန်ပိသွားတယ်။ ဒါကရှင်းပါတယ်။ ကစားသမားတွေ အပေါ်ကျတဲ့ဝန်က အတော်လေးလေးလံလွန်းတယ်” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။ 

မန်ယူအသင်းဟာ ကွင်းလယ်လူ ကတ်စမီရိုက  ၃ ပွဲပယ် ပြစ်ဒဏ်ကျခံနေရပါတယ်။  ကွင်းလယ်လူ အဲရစ်ဆင်၊ ဗန်ဒီဘိခ်၊ တွန်မီနေး၊ ဝမ်ဘစ်ဆာကာတို့အပြင် တိုက်စစ်ပိုင်းက မာစီယယ်နဲ့ အန်တိုနီတို့ဟာလည်း ဒဏ်ရာကိုယ်စီရရှိနေပါတယ်။ 

Up