close

အင်္ဂလန်တွင် ကမ္ဘာစစ်လက်ကျန်ဗုံး ဘေးကင်းရေးလုပ်နေစဉ် ပေါက်ကွဲ

အင်္ဂလန်နိုင်ငံ အရှေ့ဘက်ကမ်းခြေမြို့ ဂရိတ်ယာမာ့သ်မြို့မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုတိယ ကမ္ဘာ့စစ်လက်ကျန် ဗုံးဟောင်းတလုံးကို ဘေးကင်းအောင်လုပ်ဆောင်နေတုန်း ဖေဖော်ဝါရီ ၁၀ ရက်က မမျှော်လင့်ဘဲ ပေါက်ကွဲခဲ့ပါတယ်။ 

ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း နောဖက်ခ့်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က ယားရ်မြစ်အတွင်း သောင်တူးနေချိန်မှာ  ဒုတိယကမ္ဘာစစ် ကာလက ဒီဗုံးကို  ရှာဖွေတွေ့ရှိခဲ့တာပါ။ 

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာဧရိယာမှာ ကြီးမားတဲ့ အကာအရံကြီးတခုကို တပ်ဆင်ထားပြီး အဲဒီမှာနေထိုင်တဲ့ ဒေသခံတွေကိုလည်း အဲ့ဒီဧရိယာတဝိုက်ကနေ စွန့်ခွာဖို့ အကြုံပြုထားပါတယ်။

ဗုံးရှင်းလင်းရေးအဖွဲ့က ဒီဗုံးကို ထိန်းချုပ်မှုအောက်မှာသာ ပေါက်ကွဲစေဖို့အတွက် ဗုံးအတွင်း စနက်တံ ဖြတ်တောက်ဖို့ စီစဉ်ထားခဲ့ပြီး ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကိုလည်း ပင်လယ်ဘက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ 

ဒီလိုပေါက်ကွဲစေတတ်တဲ့ပစ္စည်းကို ဖြုတ်သိမ်းဖို့အတွက် ဖိအားတွေအောက်က ဖြည်းဖြည်းချင်း လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တစ်ခုအတွင်း အခုလိုမမျှော်လင့်ဘဲ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

Up