close

တရားရေစနစ်ပြောင်းလဲမည့်အပေါ် အစ္စရေးပြည်သူများ ဆန္ဒပြ

အစ္စရေးပြည်သူ ထောင်ပေါင်းများစွာဟာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အစိုးရသစ်က အလုံးစုံပြုပြင် ပြောင်းလဲမယ့် တရားရေးစနစ်အတွက် အစီအစဉ်တွေကို ဆန့်ကျင်ပြီး ဖေဖော်ဝါရီ ၁၁ ရက်က သီတင်းပတ် ခြောက်ပတ်မြောက်အဖြစ် ဆန္ဒပြခဲ့ပါတယ်။

ဒီပြုပြင်ပြောင်းလဲရေးတွေဟာ အစိုးရအာဏာရဲ့ အင်အားစု ၃ ခုကြား တခုနဲ့တခု ပြန်လှန် စစ်ဆေးအရေးယူစေခြင်းအားဖြင့် အချင်းချင်း အပြန်အလှန်ထိန်းကြောင်းစေတဲ့ နည်းစနစ်ကို ခြိမ်းခြောက်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားပါတယ်။

နေတန်ယာဟုက သူ့အပေါ် တရားစွဲထားတာကနေ လွတ်ဖို့ ကြိုးစားချင်တဲ့အတွက် ဒီလိုလုပ်တာလို့ ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။

တကယ်လို့ အစိုးရက ဒီအစီအစဉ်ကို တွန်းအားပေးတာ အောင်မြင်ခဲ့ရင် အစ္စရေးရဲ့ ဒီမိုကရေစီက လှိုက်စားခံရလိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြောင်းဖို့ တရားရုံးချုပ်ရဲ့ ဩဇာကို ကန့်သတ်ပြီး တရားစီရင်ရေးဆိုင်ရာ ကြိုတင်သတ်မှတ်ချက်တွေကို နိုင်ငံရေးအရ ထိန်းချုပ်မှု ပိုတင်းကြပ်လာ လိမ့်မယ်လို့လည်း သူတို့က ထောက်ပြပါတယ်။

ပြုပြင်ပြောင်းလဲရေးရဲ့ ပထမ အဆိုပြုချက်ကို လွှတ်တော်အတွင်း ဖတ်ကြားမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ာ ဆန္ဒပြပွဲတွေနဲ့ သပိတ်တွေ ထပ်ဆင်နွှဲဖို့လည်း ဆော်ဩထားကြပါတယ်။

အစ္စရေးပြည်သူ ၆၂ ရာခိုင်နှုန်းက လက်ရှိအစိုးရက အဆိုပြုထားတဲ့ တရားစီရင်ရေး အစီအမံတွေ အားလုံးကို ရပ်နားတာ ဒါမှမဟုတ် ရပ်ဆိုင်းတာတွေ လုပ်စေချင်နေတယ်လို့ ထင်မြင်ချက် စစ်တမ်းထဲမှာ ဖြေထားတဲ့အကြောင်း အစ္စရေးရဲ့ N12 သတင်းဌာနက ထုတ်လွှင့် ကြေညာ ခဲ့ပါတယ်။

Up