close

စစ်တပ်ပစ်ခတ်မှုကြောင့် ဒေါင်းနက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး

စစ်ကိုင်တိုင်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာနဲ့ ပုလဲမြို့နယ်ကြားက ဇေယျာကုန်း လမ်းခွဲအဆင်းမှာ ဒီနေ့ နေ့လယ် ၁၁ နာရီက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးတပ်က ၆ ယောက် ကျဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ဒေသခံကာကွယ်ရေး အဖွဲတွေက ပြောပါတယ်။

ပုလဲမြို့နယ်ဒေါင်းနက်တာဝန်ရှိသူ ရဲဘော်ပေက “သူတို့ ကျားတက်ရွာကနေ ပုလဲဘက်ကို စစ်ကြောင်း ထိုးလာလို့  ကင်းစောင့်ဖို့ရာ အရင်ကြိုပြီး သွားတာကို စစ်တပ်က ဖြတ်လမ်းကနေ ရောက်နှင့်ပြီး  အခုလို အပစ်ခံလိုက်ရတာ။  ရဲဘော် ၅ ဦး ကျတယ်။ ရပ်ကျေးပအဖ တယောက် ကျတယ်။  ဒဏ်ရာရရဲဘော်က ၉ ဦးရှိတယ်။ ကားသုံးစီးနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ဦး၊ ရပ်ကျေးပအဖ တဦးကို မီးရှို့ထားခဲပြီး ပုလဲမြို့ဘက်ထွက်သွားပြီ"လို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်တဲ့ တိုက်ပွဲတိုင်းမှာ ပြည်သူကာကွယ်ရေးဘက်က အသာစီးနဲ့ တိုက်ခိုက်နိုင်ခဲ့ပေမဲ့ အခုတကြိမ်မှာတော့ ပြည်သူကာကွယ်ရေးဘက် ကျဆုံး ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

Up