ဗီလာနှင့်ပွဲတွင် ပရီးမီးယားလိဂ်သီချင်းကို မန်စီတီးပရိသတ်များ လှောင်ပြောင်

အက်စတွန်ဗီလာနဲ့ပွဲမတိုင်ခင် ဖွင့်လှစ်ခဲ့တဲ့ ပရီးမီးယားလိဂ်သီချင်းကို မန်စီးတီးပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။
မန်စီးတီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်း ၁၀၀ ကျော် ချိုးဖောက်မှုနဲ့ ပရီးမီးယားလိဂ်က အရေးယူဖို့ လုပ်ဆောင်ချိန်မှာ အသင်းပရိသတ်တွေက ပရီးမီးယားလိဂ်သီချင်းကို လှောင်ပြောင်ခဲ့ကြတာပါ။
ဗီလာနဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်သီးချင်းဖွင့်ချိန်မှာ မန်စီးတီးပရိသတ်တွေက BOO လို့ အော်ဟစ် လှောင်ပြောင်ခဲ့ကြပြီး နည်းပြဂွာဒီယိုလာနဲ့ အသင်းရှေ့နေကိုလည်း လက်ခုပ်တီးပြီး အားပေးထောက်ခံကြောင်းပြသခဲ့ပါတယ်။
မန်စီးတီးအသင်းရဲ့ အရေးယူခံရမှုအပေါ် လိုက်ပါဆောင်ရွက်ပေးမယ့် အသင်းရဲ့ရှေ့နေ ဒေးဗစ်ပမ်နစ်ခ်ကိုတော့ သူ့ရဲ့အမည်ပါ စာတန်းရှည် ပိုစတာနဲ့ ပရိသတ်တွေက အားပေးထောက်ခံကြောင်း ပြသခဲ့ကြတာပါ။
မန်စီးတီးအသင်းဟာ ဗီလာနဲ့ပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဇယားထိပ်ဆုံးက အာဆင်နယ်ထက် တစ်ပွဲပိုအခြေအနေမှာ ၃ မှတ် ပဲကွာဟတော့တာဖြစ်ပါတယ်။