close

ရုရှားကြေးစားစစ်တပ်က ယူကရိန်း ရွာတရွာကို သိမ်းပိုက်

ရုရှားအခြေစိုက် ကြေးစားစစ်တပ် ဝဂ္ဂနာအုပ်စုကို တည်ထောင်သူ ယပ်ဗ်ဂျေညီပရီဂေါ့ရှင်က သူ့ကြေးစားစစ်တပ်ဟာ ယူကရိန်းနိုင်ငံ၊ ဘတ်ခ်မွတ်မြို့ မြောက်ပိုင်းက ခရပ်စ်နာဟိုရာ ရွာကို သိမ်းပိုက်ပြီးပြီလို့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောပါတယ်။

ဒွန်းနက်စ်ဒေသအရှေ့ပိုင်းက ဘတ်ခ်မွတ်မြို့ဟာ လချီကြာနေတဲ့ ရက်စက်တဲ့ စစ်ပွဲဖြစ်ပွားရာ နေရာပါ။

ယူကရိန်းရဲ့ ထိပ်တန်းစစ်ဦးစီးမှူး ဗလာရေ ဇာလွတ်ရှ်ညီက ယူကရိန်းဟာ ဘတ်ခ်မွတ်မြို့ ပတ်လည်က ရှေ့တန်းတွေကို တည်ငြိမ်အောင် ကြိုးစားနေပြီး မြို့ကို ဆက်လက် တပ်စွဲထားဆဲပဲလို့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောခဲ့ပါတယ်။

ပရီဂေါ့ရှင်ကတော့ ဒီနေ့ ဝဂ္ဂနာ ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီက တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ ခရက်စ်နာဟိုရာရွာကို သိမ်းပြီးပြီလို့ တယ်လီဂရမ် အပလီကေးရှင်းပေါ်က သူ့ရဲ့ ပြန်ကြားရေး ချန်နယ်ကနေ အသံဖိုင်ထုတ်လွှင့် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်မဖြစ်ခင်က လူဦးရေ ၆၀၀ လောက်ရှိခဲ့တဲ့ ခရက်စ်နာဟိုရာ ရွာဝင်ပေါက်က ဆိုင်းဘုတ်ရှေ့မှာ ဝဂ္ဂနာတိုက်ခိုက်ရေးသမားတွေ ရပ်နေတဲ့ ရုပ်သံဗီဒီယို အတိုတခုကိုလည်း ပရီဂေါ့ရှင်က ထုတ်လွှင့်ပြသခဲ့ပါတယ်။

Up