ထိုင်းတွင် စုံတွဲ ၃၀ တွဲ ဆင်စီးပြီး မင်္ဂလာဆောင်



ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာချစ်သူများနေ့ ထိုင်းနိုင်ငံမှာ စုပေါင်းမင်္ဂလာဆောင်ပွဲတွေ ကျင်းပနေရာမှာ ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်းခရိုင်က စုံတွဲတွေ ဆင်စီးပြီးကျင်းပတဲ့ မင်္ဂလာဆောင်ပွဲဟာလည်း လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
မင်္ဂလာဆောင်ပြီးတဲ့နောက် သတို့သား သတို့သမီးတွေ ဆင်နဲ့ စီတန်းလှည့်လည်တာဟာ ကွီတိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့ ဓလေ့ထုံးစံဖြစ်ပြီး အရင်က မျိုးနွယ်စုဝင်တွေသာ ပါဝင်ပေမဲ့ ခုနောက်ပိုင်း ကမ္ဘာလှည့်ခရီးသည်တွေလည်း နှစ်ခြိုက်စွာ ပါဝင်ဆင်နွှဲလာကြတယ်လို့ ပွဲကျင်းပရေးကော်မတီ ဆူရင်းမြို့ နယ် စီမံခန့်ခွဲရေးရုံး တာဝန်ရှိသူက ပြောပါတယ်။
ဒီကနေ့မနက် စုပေါင်းလက်ထပ်ပွဲကို ဆူရင်းမြို့ နောက်မိုင်းအုပ်စုမှာ ကျင်းပပြီး ထိုင်းနဲ့ နိုင်ငံခြားသားချစ်သူစုံတွဲပေါင်း ၃၀ လာရောက်လက်ထပ်ခဲ့တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။
Source- Nation TV