close

ဂရင်းဝုဒ်ကို စုံစမ်းစစ်ဆေးမှု ကြာရှည်နိုင်ပြီး ရာသီကုန်အထိ ပြန်ကစားနိုင်ဖွယ်မရှိ

မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာမှာ အချိန်ကြာဦးမှာဖြစ်လို့ ရာသီကုန် အထိပြန်ကစားနိုင်ဖွယ်မရှိတော့ဘူးလို့သိရပါတယ်။

အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ရန်ကြိုးစားမှု၊ အတင်းအကျပ်လုပ်ဆောင်မူ၊ ထိခိုက်နာကျင်စေမှု အစရှိတဲ့ ပုဒ်မတွေနဲ့ တရားရင်ဆိုင်ခဲ့ရတာပါ။

ဒါပေမဲ့ အဓိကသက်သေတွေ နုတ်ထွက်ခဲ့လို့ အခုလဆန်းပိုင်းက သူ့အပေါ်စွပ်စွဲချက်တွေအားလုံးကို တရားရုံးဘက်ကပြန် လည်ရုပ်သိမ်းပြီး အမှုကနေ လွှတ်ပေးလိုက်တာပါ။

မန်ယူအသင်းက ဂရင်းဝုဒ်ကိုစုံစမ်းစစ်ဆေးမှုတွေထပ်ပြီး ပြုလုပ်သွားမှာဖြစ်ပြီး အင်တာဗျူးတွေအပါအဝင် စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို တင်ပြပေးဖို့ ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တခြားသော စစ်ဆေးမှုတွေလည်းရှိပြီး အချိန်ကြာမြင့်ဦးမှာဖြစ်လို့ ဂရင်းဝုဒ်ဟာ ရာသီကုန်တဲ့အထိ မန်ယူအသင်းမှာ ပြန်လည်ကစားခွင့်ရနိုင်တော့မှာ မဟုတ်ဘူးလို့သိရပါတယ်။

ဂရင်းဝုဒ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀ ရရှိနေပြီး  သူ့ရဲ့ စာချုပ်သက်တမ်းက၂၀၂၅ ခုနှစ် အထိ နဲ့ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေပါတယ်။

Up