ချော်လဲခဲ့သည့်ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဂျရတ်ကို နည်းပြ ဂွါဒီယိုလာ တောင်းပန်

၂၀၁၄ ခုနှစ်က ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ချော်လဲခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့အပေါ် နည်းပြ ဂွါဒီယိုလာက ဂျရတ်ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းအပေါ် ဘဏ္ဍာရေးစည်းမျဉ်းအရ အရေးယူဖို့ စုံစမ်းစစ်ဆေးခံနေရတာနဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့ရာမှာ ဂျရတ်ရဲ့ ချော်လဲကျခဲ့တဲ့ ဖြစ်ရပ်ကို ထည့်သွင်းပြောခဲ့တာပါ။
၂၀၁၄ ခုနှစ်က လီဗာပူးအသင်းက ချန်ပီယံဆုဖလားရဖို့ အခြေအနေကောင်းခဲ့ပေမဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဂျရတ်ရဲ့ ခြေချော်လဲကျမှုကြောင့် ဂိုးပေးလိုက်ရပြီး ချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရတာပါ။
အဲဒီအချိန်က ဂျရတ် ခြေချော်ပြီး လဲကျခဲ့တဲ့အပေါ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးဘက်မှာ တာဝန်မရှိဘူးလို့ ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။
အဲဒီလို မှတ်ချက်ပေးခဲ့တာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်ပြီး ဂျရတ်ကို တောင်းပန်ကြောင်း၊ ဂျရတ်ဟာ အဲဒီလိုဝေဖန်မှုနဲ့ ထိုက်တန်သူ မဟုတ်တာကြောင့် မိမိလုပ်ရပ်အပေါ် အရှက်ရမိကြောင်းလည်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။