ယူကရိန်းကိုပို့ထားသည့် ခဲယမ်းမီးကျောက်များ ပြန်ထုတ်ရန် လက်နက်ထုတ်ကုမ္ပဏီနှင့် ဂျာမနီ စာချုပ်ချုပ်

4
ဂျာမနီဟာ ယူကရိန်းနိုင်ငံဆီပို့ထားတဲ့ ဂျေပက်ဒ် လေယာဉ်ပစ်သေနတ်တွေအတွက် ခဲယမ်းမီးကျောက်တွေ ပြန်ထုတ်လုပ်ဖို့ ရိုင်းမက်တယ်လ် ကားနဲ့ လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
“အရေးကြီးတဲ့ လေကြောင်းရန်ကာကွယ်ရေးအပိုင်းကို အာမခံပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်” လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပမယ့် နေတိုး ကာကွယ်ရေးဝန်ကြီးတွေနဲ့ အစည်းအဝေးမတိုင်မီ ပစ္စတိုးရီးယပ်စ်က ပြောလိုက်တာပါ။
ဂျာမနီဟာ ၂၀၁၀ ခုနှစ်မှာ သူ့ရဲ့စစ်တပ်က အသုံးရပ်စဲထားတဲ့ ဂျေပက်ဒ် လေယာဉ်ပစ်သေနတ်တွေအတွက် ခဲယမ်းအသစ်တွေရှာဖို့ လအတော်ကြာ ကြိုးစားနေခဲ့ပါတယ်။