close

ရုရှားစစ်တပ် လှုပ်ရှားမှုများကို ဂျပန်က အနီးကပ်စောင့်ကြည့်မည်

ရုရှားအစိုးရက နိုင်ငံတကာ ရေပိုင်နက်ပေါ်မှာ လတ်တလောအချိန်အတွင်း အကြိမ်ရေ အတော်များများ ပျံသန်းခဲ့တယ်လို့ ပြောအပြီး ရုရှားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ဂျပန်က အနီးကပ် ဆက်လက်စောင့်ကြည့်သွားမယ်လို့ ဂျပန်အစိုးရက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

ဂျပန်မြောက်ပိုင်း အော့ခ်ခေါ့စ်ပင်လယ်ရော၊ အလာစကာနဲ့ ရုရှားကြားက ဘယ်ရင်ပင်လယ် အပါအဝင် ဧရိယာတွေမှာ ပျံသန်းခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲအတွင်း တင်းမာနေတဲ့ အခြေအနေတွေနဲ့ မပတ်သက်ဘဲ သီးခြားဖြစ်ရပ်တွေ အနေနဲ့ ဖေဖော်ဝါရီ ၁၃ ရက်က အလာစကာနားက နိုင်ငံတကာ လေပိုင်နက်ပေါ်ကနေ ရုရှားရဲ့ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ အတော်များများ ဖြတ်ကျော် ပျံသန်းခဲ့ပါတယ်။

ဒါကြောင့် ရုရှားလေယာဉ်တွေကို မြောက်အမေရိက အာကာသကာကွယ်ရေးတပ်တွေက ကြားဖြတ် ဟန့်တားခဲ့တယ်လို့ တပ်ရဲ့ ဦးစီးချုပ်က ပြောပါတယ်။

ရုရှားဟာ မနှစ်က ယူကရိန်းကို ကျူးကျော်ခဲ့အပြီး ဒီဒေသတွေထဲမှာ အရင်ကလည်း ရုရှားက ပျံသန်းခဲ့ဖူးလို့ ရုရှားအစိုးရစစ်တပ် လှုပ်ရှားမှုတွေကို ရုရှားရဲ့ အိမ်နီးချင်းတွေက ပိုပြီး စိုးရိမ်လာနေကြပါတယ်။

Up