close

CDM ပြည်သူ့ဆင်ကလေးများအတွက် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းတွင် ပါဝင်ရန် NUG နှိုးဆော်

အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပြည်သူ့ဝန်ထမ်းတွေနဲ့အတူ ပါဝင်ခဲ့ကြတဲ့ CDM ပြည်သူ့ဆင်ကလေးတွေအတွက် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့နိုင်ဖို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ NUG အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင် ပြုလုပ်တာဖြစ်ပြီးတော့ လက်မှတ် ၁ စောင်ကို မြန်မာငွေကျပ် ၁ သောင်းခွဲနဲ့ ဝယ်ယူထောက်ပံ့နိုင်မှာ ဖြစ်ကာ လက်မှတ်စောင်ရေ ၃,၀၀၀ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

“ပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ ဆင်ချစ်သူ မိတ်ဆွေများရှင့်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းကာလမှ ယနေ့အထိ အကြမ်းမဖက်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပြည်သူ့ဝန်ထမ်းများနှင့် အတူ ပြည်သူ့ဆင်ကလေးတွေပါ ပါဝင်ခဲ့ကြပါတယ်။ ကာလရှည်ကြာလာသည်နှင့်အမျှ ဆင်ဝန်ထမ်း CDMများနှင့် CDM ဆင်ကလေးများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ပိုမိုများ ပြားစွာ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် သူတို့လေးတွေအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများကို ပြည်သူတွေက လက်တွဲကူညီဖြေရှင်းပေးနိုင်ဖို့အတွက် ဒီ Campaign လေးကို ဆောင်ရွက် ရခြင်း ဖြစ်ပါတယ်။”

ဆုမဲတွေအနေနဲ့ ဆင်ရုပ်ကလေးတွေနဲ့ အလှဆင်ဖန်တီးထားတဲ့ လည်ဆွဲ၊ လက်စွပ်၊ လက်ကောက်၊ ကြွေထည်၊ ပန်းချီကားစသဖြင့် ပြန်လည်မဲဖောက် ပေးအပ်မှာဖြစ်ကာ အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ၊ ထိုင်ဝမ်၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဂျာမနီစတဲ့ နိုင်ငံတွေ အသီးသီးက သတ်မှတ် ငွေကြေးတွေနဲ့အတူ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဒီကမ်ပိန်းကနေ ရရှိတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ဆင်ဝန်ထမ်း CDM တွေနဲ့ CDM ဆင်ကလေးတွေ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အသုံးပြုသွားမယ်လို့ ပြောပါတယ်။

“တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းလက်မှတ်ဝယ်ယူရန် 

မဲလက်မှတ်ဝယ်ယူလိုတဲ့ နိုင်ငံ၊ ငွေကြေး (currency) အလိုက် သတ်မှတ်ထားတဲ့ ဈေးနှုန်းများက

DMMK & MMK – 15,000

USD - 10

AUD - 10

CAD - 10

EURO - 10

NZD - 10

KRW - 10,000

JPY - 1000

MYR – 30

SGD - 10

THB - 200

TWD - 200

GBP - 8

USDT -10

SEK - 60

ဘယ်နိုင်ငံ၊ ငွေကြေးနဲ့ ဝယ်မလဲ အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်

Myanmar (DMMK, MMK, KRW, JPY, SGD, THB, USD, USDT)

HAM_Collection 

https://www.facebook.com/profile.php?id=100083366143606...

CDM Medical Network

Myanmar FR (MMK, DMMK)

m.me/cdmmn

တော်လှန်တပ်သား မိုမိုလေးများ

http://m.me/ElephantsinRevolution

Lucky2PDF (MMK, DMMK, USDT)

https://www.facebook.com/lucky2pdf?mibextid=LQQJ4d

Ireland (Euro, DMMK, MMK)

CRPH funding Ireland 

https://www.facebook.com/crphfundingireland

Thailand

Lucas Elias ( THB, DMMK)

https://m.facebook.com/100083350487839/

Thailand/Malaysia (THB, MYR)

နွေဦးထောက်ပို့&Support to Spring-mft/ehm 

https://m.facebook.com/100085152217050/

Singapore (SGD, DMMK)

ပြည်သူ့နွေဦး The Myanmar People's Spring Singapore

https://www.facebook.com/TMPSfundraiser

USA (USD)

SMS

https://www.facebook.com/SpringMyanmarSociety

Australia (AUD)

Sydney Friends for Myanmar Unity https://www.facebook.com/SydneyFriendsforMyanmarUnity 

Canada (CAD) 

2022 Bottle Depot အကောက်ခွန် Canada https://m.facebook.com/100068763020156/ 

Taiwan (TWD, DMMK)

Taiwan Alliance for Myanmar

https://www.facebook.com/TaiwanAllianceforMyanmar

Japan (JPY, DMMK)

Together with Satomi 

https://www.facebook.com/togetherwithsatomi

New Zealand (NZD)

Citizen of Burma Award - New Zealand (ပြည်သူ့ဂုဏ်ရည် နယူးဇီလန်) https://www.facebook.com/coba.newzealand?mibextid=ZbWKwL

Korea (KRW, DMMK)

Rise Again Myanmar

https://www.facebook.com/riseagainmyanmar/

United Kingdom (GBP, DMMK)

Pyit Tine Htaung - UK

https://www.facebook.com/pyittinehtaunguk/

The Netherlands (Euro, DMMK)

Burma Matters - NL

https://www.facebook.com/BurmaMatters

Switzerland (USD, DMMK)

International Association, Myanmar-Switzerland

https://www.facebook.com/International-Association...

Sweden (SEK, DMMK)

Sweden Myanmar Supporting Community

https://www.facebook.com/profile.php?id=100089326927651...

Germany (Euro, DMMK)

CRPH Support Team Germany-Deutschland 

https://www.facebook.com/crphsupportteamgermany

လက်မှတ် အစောင်ရေ ၃၀၀၀ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပြီး၊ လက်မှတ်အားလုံး ရောင်းချပြီးချိန်တွင် ကံထူးရှင်များကို ပြည်သူချစ် အနုပညာရှင်များက Live လွှင့်ပြီး ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ရှင့်

ကံထူးရှင်များကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမယ့် ပစ္စည်းလေးတွေက ဘာတွေများဖြစ်မလဲ ??

ပုံလေးတွေ တစ်ပုံချင်းစီမှာ ထောက်ကြည့်လိုက်ပြီး ✨

🌟ပြည်သူ့ဆင်ကလေးတွေနဲ့ ဆင်ဝန်ထမ်းများကို ဖေးကူမယ့်ကမ်းလက်များနဲ့ သမိုင်းမှတ်တမ်းတင်ပေးကြပါဦးရှင့်✨

Up