ခက်ခဲသည့် အချိန်ကာလရောက်နေဟု ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာ ဝန်ခံ

ချဲလ်ဆီးအသင်းဟာ ခက်ခဲတဲ့အချိန်ကာလ တစ်ခုကိုရောက်ရှိနေကြောင်း နည်းပြဂရေဟမ်ပေါ် တာက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့ရပေမယ့် အိမ်ကွင်းမှာ ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် ဝေဖန်မှုတွေရှိတာကို နားလည်လက်ခံကြောင်း၊ လူငယ် ကစားသမားတွေနဲ့စုဖွဲ့ ကစားနေတာဖြစ်လို့ လိုချင်တဲ့ရလဒ်မရသေးချိန်မှာ ခက်ခဲမှုတွေ ရှိလာကြောင်း နည်းပြပေါ်တာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းက ပေါင်သန်း ၃၀၀ ကျော်အသုံးပြုပြီး ကစားသမားတွေကို ခေါ်ယူခဲ့ပေမဲ့ မျှော်လင့်ထားသလိုဖြစ်မလာခဲ့တာပါ။
နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲသရေ ၃ ပွဲရှုံးခဲ့တဲ့ ချဲလ်ဆီး အသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၀ မှာ ရပ်တည်နေဆဲဖြစ်ပါတယ်။