close

မန်ယူနှင့် ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် လူငယ်ကြယ်ပွင့် ဂါနာချို သဘောတူ

မန်ယူလူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဂါနာချိုဟာအသင်းနဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကစားသမားဖြစ်သူရဲ့ ပုံရိပ်အသုံးပြုခွင့်နဲ့ ပတ်သက်တာ တစ်ခုသာ အပြီးသတ်ဆွေးနွေးနေပြီး မကြာခင်မှာ တရားဝင်စာချုပ်ချုပ်ဆိုနိုင်မယ်လို့ ESPN သတင်း မှာဖော်ပြပါတယ်။

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အာဂျင်တီးနားကစားသမားဟာ အခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် စုစုပေါင်း ၂၅ ပွဲအထိကစားခဲ့ပြီး ၃ ဂိုးသွင်းယူခဲ့ပါတယ်။

စာချုပ်သစ်အရ လုပ်ခလစာလည်းတိုးမြင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဂါနာချိုဟာ ၂၀၂၀ ပြည့်နှစ်က စပိန်ကလပ် အက်သလက်တီကိုလူငယ်အသင်းကနေ မန်ယူအသင်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Up