လီဗာပူးအသင်းကို ရောင်းချရန် စိတ်ကူးမရှိဟု ပိုင်ရှင်ဂျွန်ဟင်နရီ အတည်ပြု

29
လီဗာပူးအသင်းကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း ပိုင်ရှင်ဂျွန်ဟင်နရီက အတည်ပြုပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အသင်းကိုပိုင်ဆိုင်တဲ့ FSG အုပ်စုက လီဗာပူးအသင်းကို ရောင်းချဖို့ ရင်းနှီးမြှပ်နှံမယ့်သူတွေကို ရှာဖွေနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ပေါ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အသင်းကိုရောင်းချဖို့ စိတ်ကူးမရှိကြောင်းနဲ့ လူနည်းစု အစုရှယ်ယာရှင်တွေ နဲ့ပတ်သက်ပြီးတော့ပဲ ရင်းနှီးမြှပ်နှံသူတွေနဲ့ ပြောဆိုခဲ့တာဖြစ်ကြောင်း အသင်းပိုင်ရှင် ဟင်နရီက ပြောပါတယ်။
ဟင်နရီရဲ့ FSG အုပ်စုဟာ ၂၀၁၀ ပြည့်နှစ်က ပေါင်သန်း ၃၀၀ နဲ့ လီဗာပူးအသင်း ကိုဝယ်ယူခဲ့တာပါ။ လာမယ့်ရာသီမှာ ပရိသတ် ၆၁၀၀၀ အထိဝင်ဆံ့နိုင်တဲ့အထိ အမ်ဖီးလ်ကွင်းကို ပြုပြင်ပြောင်းလဲဖို့ စီစဉ်ထားပါတယ်။