တနှစ်တာအကောင်းဆုံးအားကစားသမားဆု ဆန်ခါတင်စာရင်းတွင် မက်ဆီနှင့် အမ်ဘာပေတို့ ပါဝင်

၂၀၂၃ ခုနှစ်အတွက် Laureus World Sport Awards အတွက် ဆန်ခါတင်စာရင်းတွေကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ကြေညာခဲ့ပြီးနောက် ဘောလုံးကစားသမား လီယွန်နယ် မက်ဆီ၊ အမ်ဘာပေ၊ တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်နဲ့ အီဂါ ဆွီယာတက်ခ်တို့ ပါဝင်လာပါတယ်။
ကမ္ဘာ့တနှစ်တာအကောင်းဆုံး အားကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဘောလုံးအားကစားသမားတွေထဲက အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရအောင် ဦးဆောင်နိုင်ခဲ့တဲ့ မက်ဆီနဲ့အတူ ပြင်သစ်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့တဲ့ ပီအက်စ်ဂျီအသင်းဖော်လည်းဖြစ်၊ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင်လည်းဖြစ်တဲ့ အမ်ဘာပေ တို့လည်း ပါဝင်ပါတယ်။
တင်းနစ်ကစားသမားတွေထဲမှာ ဩစတြေးလျနဲ့ ပြင်သစ်တို့ကို အနိုင်ရပြီးနောက် ချန်ပီယံဆု ၂၂ ကြိမ်နဲ့ ဂရင်းစလင်းချန်ပီယံများစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ ရာဖေးလ်နာဒယ်ဟာလည်း ဒီဆန်ခါတင်စာရင်းထဲ ပါဝင်နေပါတယ်။
မက္ကစ်ဗာစတာပန်ဟာလည်း သူ့ရဲ့ ဖော်မြူလာဝမ်း ကမ္ဘာ့ထိပ်တန်းဆုကို ကာကွယ်ပြီးနောက် ၂၀၂၃ ခုနှစ် ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာ တွေ့ရပါတယ်။
Laureus ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းအဖွဲ့ စာရင်းမှာလည်း ရပ်ဂ်ဘီ၊ ဘတ်စ်ကက်ဘော အသင်းအဖွဲ့တွေအပြင် ဘောလုံးအသင်းတွေထဲမှာ အာဂျင်တီးနား အမျိုးသားဘောလုံးအသင်း၊ ရီးရဲလ်မက်ဒရစ် အမျိုးသားဘောလုံးအသင်းနဲ့ အင်္ဂလန် အမျိုးသမီးဘောလုံးအသင်းတို့ ပါဝင်နေတာကို တွေ့ရပါတယ်။