သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်

2
တော်လှန်ရေးဇာတ်ကားအများအပြားရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ နှလုံးရောဂါနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လည်ပိုင်းမှာ ကွယ်လွန်သွားကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။
သီဟတင်စိုးဟာ ဒီကနေ့ မနက်ပိုင်းက နှလုံးရောဂါဖောက်ပြီး ဆေးရုံသို့ပို့ဆောင်စဉ် လမ်းမှာ ကွယ်လွန်ခဲ့တာဖြစ်လို့လည်း သိရပါတယ်။
သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် အကယ်ဒမီဇင်မာဦး ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၁၁ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဝါရင့်သရုပ်ဆောင် သီဟတင်စိုးဟာ ၂၀၀၀ ပြည့်နှစ်က ပေးအပ်တဲ့ အကယ်ဒမီဆုပေးပွဲမှာ ငရဲသားဇာတ်ကားနဲ့ ဒါရိုက်တာဆုရော ၊ အမျိုးသားသရုပ်ဆောင်ထူးချွန်ဆုပါ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။