တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်ရန် ဖိလစ်ပိုင်နှင့် သြစတြေးလျ ဆွေးနွေး

ဖိလစ်ပိုင်နဲ့ သြစတြေးလျ နှစ်နိုင်ငံအရာရှိတွေဟာ တောင်တရုတ်ပင်လယ်မှာ ပူးတွဲကင်းလှည့်ကြဖို့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ဆွေးနွေးခဲ့ကြပါတယ်။
သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မာလက်စ်ဟာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ကာလစ်တို ဂါလ်ဗက်စ် ဂျူနီယာနဲ့ ဖိလစ်ပိုင်မြို့တော် မနီလာမှာ တွေ့ဆုံခဲ့ပြီး နိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေ ပိုမိုနက်ရှိုင်းစေရေး နှစ်စဉ်လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။
မဟာဗျူဟာမြောက် ရေလမ်းကြောင်းမှာ အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောရင်း တောင်တရုတ်ပင်လယ်မှာ ရန်လိုနေတဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေလို့ ဖော်ပြထားတဲ့ အရာကို တန်ပြန်ဖို့ ဖိလစ်ပိုင်ရဲ့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်နေတာပါ။
ရေတပ်စစ်ဆင်ရေးနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန် တင်းမာမှုတွေအတွက် အချက်ပြစရာ ဖြစ်လာခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့လည်း ရက်ပိုင်းအကြာက အလားတူ ဆွေးနွေးခဲ့ပြီး အငြင်းပွားရေလမ်းကြောင်းကို ပိုင်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာ ပြောဆိုလာမှုတွေကို တန်ပြန်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဖိလစ်ပိုင်နဲ့ သြစတြေးလျတို့ ပူးတွဲကင်းလှည့်နိုင်ခြေဟာ တောင်တရုတ်ပင်လယ် အပါအဝင် ကမ်းရိုးတန်းစောင့်တပ် ကင်းလှည့်တာတွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရနဲ့ အမေရိကန် အစိုးရတွေကြား အလားတူ ဆွေးနွေးမှုတွေကြောင့် ဖြစ်ပေါ်လာတာလို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။