မန်ယူကိုအနိုင်ရပါက နယူးကာဆယ်ကစားသမားများ ဆုကြေးပေါင် ၁ သန်းရရှိမည်

668
နယူးကာဆယ်ကစားသမားတွေဟာ လိဂ်ဖလားဗိုလ်လုပွဲစဉ်မှာ မန်ယူအသင်းကို အနိုင်ရရှိမယ်ဆိုရင် ဆုကြေးပေါင်တစ်သန်းရရှိမယ်လို့ မက်လုံးပေးထားတဲ့အကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းဟာ အခုနှစ် EFL ဖလားဗိုလ်လု ပွဲစဉ်အဖြစ် လာမယ့်တနင်္ဂနွေနေ့ ည ၁၁ နာရီအချိန် ဝင်ဘလေကွင်းမှာယှဉ်ပြိုင် ကစားရမှာပါ။
အဲဒီပွဲစဉ်မှာအနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အသင်းသမိုင်းတစ်လျှောက် ၄၈ နှစ် အတွင်းမှာ ပထမဆုံးအကြိမ် ဆုဖလားတစ်လုံးရယူနိုင်မှာပါ။
နယူးကာဆယ်အသင်းဟာ ၁၉၅၅ ခုနှစ်မှာ အက်ဖ်အေဖလားရယူနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ဆုဖလားနဲ့ ဝေးကွာနေတာပါ။ အသင်းနည်းပြ အက်ဒီဟောင်းဟာလည်း ဆုကြေးရရှိမှာဖြစ်တယ်လို့သိရပါတယ်။
EFL ဖလားချန်ပီယံဖြစ်တဲ့အသင်းဟာ ပြိုင်ပွဲရဲ့ဆုကြေးအနေနဲ့ ပေါင်တစ်သိန်းသာရရှိမှာဖြစ်ပြီး ဒုတိယရတဲ့အသင်းက ပေါင် ငါးသောင်းရရှိမှာဖြစ်ပါတယ်။