close

သပိတ်ကျင်း ချောင်းကြီးရဲကင်းကို ပူးပေါင်းကာကွယ်ရေးတပ်များ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး‌ရွာရဲကင်းကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၁ နာရီလောက် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင် ခရိုင် ပ.က.ဖ) က ပြောပါတယ်။

ဇန်နဝါရီ ၄ ရက် ပထမအကြိမ် တိုက်ခိုက်မှုမှာတော့ ရဲ ၃ ယောက် သေဆုံးကာ ၅ ယောက်  ဒဏ်ရာ ရခဲ့ပြီး  အခု တိုက်ခိုက်ရာမှာတော့ Drone Jammer တပ်ဆင်ထားခဲ့တာကြောင့် ဗုံးသီး နှစ်လုံးသာ ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်လင်းယုန်က "နောက်ဆက်တွဲ အခြေအနေကတော့ မသိရသေးဘူး။ အဲဒီမှာလည်း သတင်းက ဖုံးထားတဲ့ အနေအထားမှာရှိတယ်။ အဲဒီ ဗုံးသီးချတာတောင်မှာပဲ  သူတို့ နင်းမိုင်း ချထားတဲ့ဟာ တွေ ကွဲတာ ဘာညာနဲ့လုပ်နေတာ" လို့ ပြောပါတယ်။

ဒီတကြိမ်တိုက်ခိုက်မှုမှာ ရဲကင်းထဲက ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘဲ စစ်တပ်က ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကြောင့် ချောင်းကြီး ရဲကင်းနားမှာ စစ်တပ်က စစ်ဆေးနေသလို ချောင်းကြီးရွာတဝိုက်က ရွှေလုပ်ကွက် ကုမ္ပဏီတွေထဲ ဝင်ရောက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Up