close

အယ်နာဆာအသင်း ရော်နယ်ဒို၏ ဟက်ထရစ်ဂိုးဖြင့် ဒါမက်အသင်းကို အနိုင်ရ

ဆော်ဒီလိဂ်ကလပ် အယ်နာဆာအသင်းဟာ ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ ပြိုင်ဘက် ဒါမက်အသင်းကို အနိုင်ရသွားပါတယ်။ 

ဖေဖော်ဝါရီ ၂၅ ရက်က ယှဉ်ပြိုင်သွားတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒို တစ်ယောက်တည်းရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားတာပါ။ 

ပထမဂိုးကို ပင်နယ်တီက သွင်းယူပြီး ဒုတိယဂိုးနဲ့ တတိယဂိုးတွေကို အသင်းဖော်တွေရဲ့ ဖန်တီး ပေးပို့မှုကနေ သွင်းယူခဲ့ပါတယ်။ 

ဆော်ဒီပရိုလိဂ် အယ်နာဆာအသင်းကို ရောက်လာပြီး ကစားတဲ့ ၄ ပွဲမှာ ၈ ဂိုး အထိ ရော်နယ်ဒို သွင်းယူထားပါတယ်။ 

ဒီပွဲမှာ ရတဲ့ ဟက်ထရစ်ဂိုးဟာ ရော်နယ်ဒိုရဲ့ ကစားသမား သက်တမ်းမှာ ၆၂ ကြိမ်မြောက်ရတဲ့ ဟက်ထရစ်လည်း ဖြစ်ပါတယ်။

အယ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားမှာ ၄၃ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယ နေရာက အသင်းကို ၂ မှတ်ဖြတ်ထားနိုင်လိုက်ပါတယ်။

Up