close

ကမ်းလှမ်းချက် ၂ ကြိမ်ကို ပယ်ချခဲ့ကြောင်း ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာ ပြော

ဘရန့်ဖို့ဒ်အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်နှစ်ကြိမ်ကို ပယ်ချခဲ့ကြောင်း ဂိုးသမား ဒေးဗစ်ရာယာကပြောပါတယ်။

အသက် ၂၇ နှစ်ရှိ စပိန်ဂိုးသမား ရာယာဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ကာကွယ်မှု အများဆုံးပြုလုပ်ထားသူဖြစ်ပြီး မန်ယူနဲ့ စပါးအသင်းတွေက ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်ခဲ့သူပါ။

သူဟာ ဘရန့်ဖို့ဒ်နဲ့ တစ်နှစ်ခွဲစာချုပ်သက်တမ်းသာကျန်ရှိတော့တာဖြစ်ပါတယ်။ ဒေးဗစ်ရာယာက “မနှစ်တုန်းက တစ်ကြိမ်နဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလက တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်စလုံးကို ပယ်ချခဲ့ပါတယ်။ သူတို့ရဲ့ ကမ်းလှမ်းချက်တွေက ကျနော်တို့ မျှော်လင့်ထားသလိုမဟုတ်ခဲ့ဘူး။ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” လို့ Athletic သတင်းစာနဲ့ အင်တာဗျူးမှာပြောပါတယ်။ 

စပါးအသင်းဟာ အသက်အရွယ်ရလာတဲ့ ပြင်သစ်ဂိုးသမားလိုရစ်နေရာမှာ ရာယာနဲ့ အစားထိုးဖို့ ဆန္ဒရှိနေသလို မန်ယူအသင်းကလည်း ဒီဂီယာအလွန်မှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Up