ဘိုင်ယန်ကိုပြောင်းရွှေ့ခဲ့သည့်အပေါ် စီရော်နယ်ဒိုက ချီးကျူးဂုဏ်ပြုခဲ့ကြောင်း မာနေးပြော

4
ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် စီရော်နယ်ဒိုက ချီးကျူးဂုဏ်ပြုခဲ့ကြောင်း မာနေးက ပြန်လည်ပြောပြပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ မနှစ်တုန်းက လီဗာပူးကနေ ပေါင် ၃၅ သန်းကျော်နဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့အပြီး ရာသီကြိုခြေစမ်းပွဲတွေ ကစားစဉ်က စီရော်နယ်ဒိုနဲ့ စပိန်မှာ တွေ့ဆုံခဲ့ကြတာပါ။
အဲဒီအချိန်မှာ မာနေးအနေနဲ့ ခမ်းနားကြီးကျယ်တဲ့ အသင်းကြီးတသင်းဆီ ပြောင်းရွှေ့ခဲ့တာဟာ နောက်ထပ် ခြေလှမ်းသစ်တခုဖြစ်ကြောင်း စီရော်နယ်ဒိုက ချီးကျူးဂုဏ်ပြုခဲ့တာပါ။
ရော်နယ်ဒိုဟာလည်း ဘိုင်ယန်မြူးနစ်နဲ့ သတင်းထွက်ခဲ့ဖူးပေမဲ့ ရာသီဝက်ကာလ အပြောင်းအရွှေ့မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ကစားခဲ့ပါတယ်။