တရားစွဲခံနေရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခန်းကို တရားရုံးက အာမခံပေး

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခန်းကို အစ္စလာမာဘတ်မြို့တော်ရှိ တရားရုံးနှစ်ခုက ဖေဖော်ဝါရီ ၂၈ ရက်မှာ အာမခံပေးခဲ့ပါတယ်။
သူ့ရဲ့ နိုင်ငံရေးပါတီအတွက် တရားမဝင် ရန်ပုံငွေစုဆောင်းတဲ့အမှုကနေ ပြည်နယ်အရာရှိတွေကို အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ အမှုအထိ အမှုတွေအတွက် မတ် ၉ ရက်အထိ သက်သာခွင့်ပေးခဲ့ပါတယ်။
ရာနဲ့ချီတဲ့ ထောက်ခံသူတွေကတော့ တရားရုံးဆီ သွားတဲ့လမ်းမှာ သူ့ကားကို ပန်းပွင့်ချပ်တွေနဲ့ ဖုံးအုပ် အော်ဟစ်ခဲ့ကြပါတယ်။
ခန်းဟာ မနှစ်က လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ပြီး အာဏာကနေ ဖြုတ်ချခံရပြီးကတည်းက သူ့အပေါ် အမှုအများအပြားနဲ့ တရားစွဲခံခဲ့ရတာပါ။
လုံခြုံရေးစိုးရိမ်ရလို့ ခန်းရဲ့ကားကို အစ္စလာမာဘတ်တရားရုံးချုပ်မှာ အထူးခွင့်ပြုချက် ပေးထားတယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
တခြားနိုင်ငံအကြီးအကဲတွေနဲ့ နိုင်ငံခြားဂုဏ်သရေရှိသူတွေဆီကရတဲ့ နိုင်ငံတော် လက်ဆောင်တွေကို တရားမဝင်ရောင်းချမှု စွဲချက်နဲ့ သူ့ကို အရေးယူတဲ့အမှုအတွက် ပြည်ထောင်စု မြို့တော်တရားရုံးက အာမခံမရနိုင်တဲ့ ဖမ်းဝရမ်းကို ထုတ်ပြန်ခဲ့ပါတယ်။
ခန်းကို ထောက်ခံသူတွေက သူ့ကိုဖမ်းရင် တနိုင်ငံလုံးမှာ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။