close

ချဲလ်ဆီးနည်းပြပေါ်တာထုတ်ပယ်ခံရပါက အင်းနရစ် သို့မဟုတ် ဇီဒန်းက အစားထိုးတာဝန်ယူမည်

ချဲလ်ဆီးအသင်းဟာ နည်းပြပေါ်တာကို ထုတ်ပယ်ခဲ့မယ်ဆိုရင် ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်နဲ့ ဇီဒန်းတို့ ထဲကတစ်ဦးကိုခေါ်ယူခန့်အပ်မယ်လို့သိရပါတယ်။

နည်းပြပေါ်တာဟာ နောက်ဆုံး ၁၁ ပွဲမှာ တစ်ပွဲပဲနိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံရဖို့  ရေပန်းအစားဆုံးဖြစ်လာခဲ့တာပါ။

စပိန်ကလာတဲ့သတင်းတွေအရတော့ ချဲလ်ဆီးအသင်းက နည်းပြပေါ်တာကို ထုတ်ပယ်ခဲ့ရင် အင်းနရစ်နဲ့ ဇီဒန်းတို့ထဲက တစ်ဦးကို ခေါ်ယူခန့်အပ်လိမ့်မယ်လို့ ခန့်မှန်းဖော်ပြခဲ့ကြတာပါ။

သူတို့ နှစ်ဦးဟာ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရာထူးအတွက်လည်း  လျာထားခြင်းခံခဲ့ရဖူး ပါတယ်။

နည်းပြပေါ်တာဟာ အခုတစ်ပတ်မှာကစားမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်၊ ချန်ပီယံလိဂ် ဒုအကျော့ကစားရမယ့် ဒေါ့မွန်နဲ့ပွဲစဉ်နှစ်ပွဲဟာ သူ့ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့  သိရပါတယ်။ 

Up