close

မယ်ဆိုင်တွင် မြန်မာဘက်သို့ တရားမဝင်တင်သွင်းမည့် ဆိုင်ကယ်အစီးရေ ၈၀ ကျော်ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ထဲမှာ မြန်မာနိုင်ငံ တာချီလိတ်ဘက်ခြမ်းကို တရားမဝင်တင်ပို့မယ့် ဆိုင်ကယ် ၈၅ စီးဖမ်းဆီးရမိတယ်လို့  ဒေးလီးနယူးထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မယ်ဆိုင်မြို့၊ ဝိန်းဖန်ခမ်းရပ်ကွက်၊ ဆိုင်လုမ်းကျွိုင်းလမ်းရှိနေအိမ်တစ်အိမ်ကနေ ထိုင်းဘက်ခြမ်းက ဆိုင်ကယ်တွေကို တာချီလိတ်ဘက် တရားမဝင်ပို့ဆောင်နေကြောင်း စုံစမ်းထောက် လှမ်းသိရှိပြီးတဲ့နောက် နယ်မြေခံရဲ၊ အကောက်ခွန်၊ နယ်ခြားစောင့်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၂ ရက် ည ၁၀ နာရီလောက်က သွားရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ ဆိုင်ကယ် ၈၅ စီးတွေ့ပြီး အများစုမှာ နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိကြောင်း ၊ အဆိုပါအိမ်မှာ မယ်ဆိုင်ချောင်းကိုကူးသွားလို့ရတဲ့ လျှို့ဝှက်လမ်းလည်းရှိပြီး ချောင်းကိုဆင်းသွား တဲ့လမ်းမှာ သဲအိတ်တွေခင်းထားကာ ဆိုင်ကယ်ဘီးရာတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်တွေ ဘယ်ကရလာပြီး ဘယ်ကိုပို့မလဲဆိုတာ အသေးစိတ်ပြန်လည်စိစစ်နေပြီး လိုအပ် သလို ဆက်လက်အရေးယူသွားမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။ 

Source: Daily News

Up