close

ပေကျင်းတွင် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်းမှာ ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ရဲ့ ပထမဆုံး အစည်းအဝေးကို မတ် ၄ ရက်က ကျင်းပခဲ့ပြီး အမြဲတမ်းပါတီကော်မတီရဲ့ အမှုဆောင် ဥက္ကဋ္ဌတွေကို ရွေးချယ်ခဲ့ပါတယ်။ 

ပထမအကြိမ်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးကိုတော့ မတ် ၄ ရက် အစောပိုင်းက ကျင်းပပြီး ကော်မတီဝင်တွေကို ရွေးချယ်ခဲ့ပါတယ်။

NPC ရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအရ၊ ၁၃ ကြိမ်မြောက် NPC ရဲ့အမြဲတမ်း ကော်မတီ ဥက္ကဌဖြစ်တဲ့ လီကျန်းရှုက သူ့လက်အောက်မှာရှိတဲ့ ကော်မတီရဲ့ အမှုဆောင်ဥက္ကဋ္ဌတွေကိုပထမ ဦးဆုံး ရွေးချယ်ခဲ့ပါတယ်။

ကျောက်လီကျိနဲ့ ၁၄ ကြိမ်မြောက် NPC ရဲ့ တခြားလက်ထောက် ၁၀ ယောက်တို့ဟာ အမြဲတမ်း ပါတီကော်မတီရဲ့ အမှုဆောင်ဥက္ကဋ္ဌတွေအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပါတယ်။

အဲဒီနောက် ၁၄ ကြိမ်မြောက် NPC ရဲ့ ပထမအကြိမ်အစည်းအဝေးအတွက် အချိန်ဇယားကို အတည်ပြုခဲ့ပြီး မတ် ၅ ရက်မှာစပြီး မတ် ၁၃ ရက်မှာ  ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ NPC နှစ်ပတ်လည် အစည်းအဝေးတွေ၊  စုံညီအစည်းအဝေးတွေအတွက် အမှုဆောင်ဥက္ကဋ္ဌတွေကို ရွေးချယ်ပြီး ဒုတိယအထွေထွေအတွင်းရေးမှူးနဲ့  အစည်းအဝေးအတွက် ပြောရေးဆိုခွင့် ရှိသူတို့ကို ရွေးချယ်တင်မြှောက် ခဲ့ပါတယ်။

မတ် ၇ ရက် ၁၂ နာရီကို အဆိုတင်သွင်းဖို့ နောက်ဆုံးရက်အဖြစ် အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

Up