လီဗာပူးနှင့် ယှဉ်ပြိုင်ရတာ ခက်ခဲကြောင်း ပြန်လည်သက်သေပြနိုင်ခဲ့ပြီဟု နည်းပြကလော့ပ်ပြော

လီဗာပူးအသင်းနဲ့ယှဉ်ပြိုင်ရတာဟာ ခက်ခဲကြောင်း မန်ယူအသင်းကို အနိုင်ယူအပြီးမှာ ပြန်လည် သက်သေပြသနိုင်ခဲ့ပြီလို့ နည်းပြကလော့ပ်က ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ပြိုင်ဘက်အသင်းတိုင်းက လီဗာပူးနဲ့ ယှဉ်ပြိုင်ရတာကို ကောင်းမွန်တဲ့ အခိုက်အတန့်အဖြစ် သဘောထားခဲ့ကြကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
အဲဒီလို လူသိရှင်ကြားပြောတာမျိုးတော့ မဟုတ်ပေမဲ့ ယှဉ်ပြိုင်ခဲ့ဖူးတဲ့အသင်းတွေက လီဗာပူးနဲ့ ကစားရတာ ကောင်းမွန်တဲ့အချိန်ဖြစ်တယ်လို့ တွေးခဲ့ကြမှာဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။
ဒါပေမဲ့ မန်ယူအသင်းကို ၇ ဂိုး ဂိုး မရှိနဲ့ အနိုင်ယူပြီးတဲ့ နောက်မှာတော့ လီဗာပူးနဲ့ ယှဉ်ပြိုင်ရတာဟာ ကောင်းမွန်တဲ့အခိုက်အတန့်မဟုတ်တော့ဘူးဆိုတာ အသင်းတိုင်းကို ပြသနိုင်ခဲ့တယ်လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ လပိုင်းက ၇ ပွဲ ဆက်တိုက်ကစားခဲ့ရာမှာ တစ်ပွဲသာ အနိုင်ရခဲ့တဲ့အထိ ခြေစွမ်း ကျဆင်းခဲ့ဖူးတာဖြစ်ပါတယ်။