close

မလေးရှားတောင်ပိုင်း ရေကြီးပြီး လူ ၄၀၀၀၀ ခန့် နေအိမ်စွန့်ပြောင်းရွှေ့

မလေးရှားနိုင်ငံတောင်ပိုင်း၊ ဂျိုဟိုးပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်ပြီး ရေကြီးရေလျှံနေလို့ လူပေါင်း ၄၀,၀၀၀ နီးပါးဟာ နေအိမ်တွေကို စွန့်ခွာပြောင်းရွှေ့ခဲ့ရပါတယ်။

ကျန်ခဲ့တဲ့သီတင်းပတ်အတွင်း လူလေးဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မတ် ၄ ရက်မှာ ပြောခဲ့ပါတယ်။

ဂျိုဟိုးပြည်နယ် ဘာတူ ဖှာဟတ်ခရိုင်က ရေလျှံနေတဲ့ လမ်းတွေ အိမ်တွေကို ဒရုန်းနဲ့ ရိုက်ကူး ပြသခဲ့ပါတယ်။ 

ရေကြီးရေလျှံလို့ အိုးမဲ့အိမ်မဲ့ဖြစ်သူတွေအတွက် အာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်း ၂၀၀ ကျော် ထူထောင်ထားတယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ နှစ်စဉ်မုတ်သုံရာသီဖြစ်တဲ့ အောက်တိုဘာလကနေ မတ်လအတွင်း ရေကြီး လေ့ရှိပေမယ့် အခုသီတင်းပတ်အတွင်း မိုးရွာလို့ ဂျိုဟိုးနယ်ခံအများအပြားဟာ အမိုးအကာရှာဖို့ ရုန်းကန်နေကြ ရပါတယ်။ 

ဂျိုဟိုးပြည်နယ်မှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပေမယ့် တခြားပြည်နယ်တွေမှာလည်း ရေကြီးလို့ လူရာနှင့်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ 

တောင်ပိုင်းပြည်နယ်အများစုမှာ လာမယ့်ရက်တွေအတွင်း မိုးပိုလာနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေး ထားပါတယ်။

Up