close

ရုရှား၊ တူရကီ၊ ဆီးရီးယားနှင့် အီရန် ဒုဝန်ကြီးများ မော်စကိုတွင် ဆွေး‌နွေးမည်

ရုရှား၊ တူရကီ၊ ဆီးရီးယားနဲ့ အီရန်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတွေဟာ ရုရှားမြို့တော် မော်စကိုမှာ လာမယ့်သီတင်းပတ်အတွင်း ဆွေးနွေးကြဖို့ရှိတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး မယ်ဗ်လွတ် ကာဗူဆော့လူက မတ်လ ၈ ရက်မှာ ပြောပါတယ်။

တူရကီ၊ ဆီးရီးယားနဲ့ ရုရှားတို့ကြား ဆွေးနွေးပွဲမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရပ်ဘ်ဒိုလာဟိန်က ပါချင်နေလို့ တူရကီက သဘောတူပေးခဲ့တယ်လို့ ကာဗူဆော့လူက အီရန်သမ္မတနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်ပါတယ်။

“လေးပွင့်ဆိုင် အစည်းအဝေးကို ပြင်ဆင်ဖို့ ကနဦးအစည်းအဝေး တည်ခင်းကျင်းပနိုင်ရေး ရုရှားက ကမ်းလှမ်းခဲ့တယ်။ ကျနော်တို့ဟာ လာမယ့်သီတင်းပတ်မှာ မော်စကိုဆီ ကျနော်တို့ရဲ့ ဒုဝန်ကြီးတွေကို စေလွှတ်မယ်။ ပြီးရင် ဒီအစည်းအဝေးကို အီရန်ကလည်း တက်ရောက်မယ်” လို့ အမီရပ်ဘ်ဒိုလာဟိန်က ပြောပါတယ်။

ရုရှားဟာ ဆီးရီးယားနဲ့ တူရကီကြား ပြန်လည်သင့်မြတ်ရေးကို ထောက်ပံ့အားပေးနေတာပါ။ ဒီဇင်ဘာလတုန်းကလည်း ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေကြား ဆွေးနွေးပွဲကို တည်ခင်း ကျင်းပပေးခဲ့ပါတယ်။

အခုတော့ နိုင်ငံခြားရေးဝန်ကြီးတွေကြား အစည်းအဝေးကနေ နောက်ဆုံး သမ္မတတွေကြား အစည်းအဝေးတွေ ကျင်းပနိုင်ဖို့ ရည်မှန်းထားပါတယ်။

Up