close

ပရီးမီးယားလိဂ်ကစားသမားများ အချိန်မဆွဲရန် ဒိုင်လူကြီးဟောင်း ကော်လီနာ သတိပေး

ပရီးမီးယားလိဂ်ကစားသမားတွေအနေနဲ့ အချိန်ဆွဲတာတွေကို ရပ်တန့်သင့်ပြီဖြစ်တယ်လို့ အီတလီဒိုင်လူကြီးဟောင်း ကော်လီနာက သတိပေးသွားပါတယ်။ 

ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ အက်စတန်ဗီလာနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အချိန်ဆွဲမှုတွေ များပြားခဲ့ပြီး အမှန်တကယ် ကစားချိန်က ၄၃ မိနစ်သာရှိတယ်လို့ အချက်အလက်ကို ကိုးကားပြီး ကော်လီနာကပြောပါတယ်။ 

“၄၃ မိနစ်ပဲကြာတဲ့ ဘောလုံးပွဲစဉ်တစ်ပွဲကို ဘယ်သူကမှ ပိုက်ဆံပေးပြီးကြည့်ချင်ကြမယ်လို့ မထင် ဘူး” လို့ ဖီဖာဒိုင်ကော်မတီရဲ့ အကြီးအကဲဖြစ်သူ ကော်လီနာကပြောပါတယ်။

ပရီးမီးယားလိဂ်မှာ ပျမ်းမျှအားဖြင့် ပွဲစဉ်တစ်ပွဲရဲ့ အမှန်တကယ်ကစားချိန်ဟာ ၅၄ ဒသမ ၄၉ စက္ကန့်သာရှိပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅၈ ဒသမ ၀၇ စက္ကန့်ရှိတယ်လို့ သိရပါတယ်။

အချိန်ဆွဲတာတွေ များလာတာကြောင့် နာကျင်အချိန်ပိုကို ပိုပေးတဲ့ နည်းစနစ်ကိုလည်း အသုံးပြုနိုင်ပြီး ကစာသမားတွေအနေနဲ့ အချိန်ဆွဲတဲ့ မိနစ်တိုင်းကို နာကျင်အချိန်ပို မှာ ပြန်လည်ပေါင်းထည့်မှာကို သိမယ်ဆိုရင် အချိန်ဆွဲတာတွေလျော့ကျလာလိမ့်မယ်လို့ ကော်လီနာက ပြောပါတယ်။ 

Up