close

စည်းကမ်းဖောက်ဖျက်မှုကြောင့် ပေါ့ဘာကို ယူရိုပါလိဂ်လူစာရင်းက ဂျူဗင်တပ်စ် ဖယ်ရှား

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို စည်းကမ်းပိုင်းဖောက်ဖျက်မှုကြောင့် ဖရိုင်းဘက်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်လူစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။ 

အသက် ၂၉ နှစ်ရှိ ပြင်သစ်ကွင်းလယ်လူဟာ ဒဏ်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့တစ်ပတ်ကမှ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့တာပါ။

ဒါပေမဲ့ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင်မှာ အသင်းအစည်းအဝေးကို အချိန်မီ တက်ရောက်နိုင်ခြင်းမရှိခဲ့တာကြောင့် နည်းပြအယ်လီဂရီက ပေါ့ဘာကို လူစာရင်းကနေ ဖယ်ရှားခဲ့တာပါ။

ပေါ့ဘာဟာ မန်ယူအသင်းမှာကတည်းက အသင်းနဲ့ အဆင်မပြေမှုတွေကြောင့် အသင်းဟောင်းဂျူဗင်တပ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဂျူဗင်တပ်အသင်းဟာ လာမဲ့ တနင်္ဂနွေနေ့မှာ ဆမ်ဒိုးရီးယားနဲ့ စီးရီးအေပွဲစဉ်ကစားရမှာဖြစ်ပြီး ပေါ့ဘာကိုပြန်လည်ခေါ်ယူမလားဆိုတာ မသိရှိရသေးပါဘူး။ 

Up