အစ္စရေးတရားစီရင်ရေးဏ္ဍ ပြန်လည်ပြင်ဆင်မည့်အပေါ် ဆန့်ကျင်သပိတ်မှောက်မှု အရှိန်မြှင့်

အစ္စရေးနိုင်ငံတဝန်း တရားစီရင်ရေးကဏ္ဍကို ပြန်လည်ပြင်ဆင်မယ့် အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့တိုက်ပွဲကို အရှိန်မြှင့်တဲ့အနေနဲ့ အစ္စရေးဆန္ဒပြသူတွေဟာ မတ် ၉ ရက်မှာ အမျိုးသားတော်လှန်ရေးနေ့ကို စတင်လိုက်ကြပါတယ်။
ဂျေရုဆလင်ရှိ ထိန်းသိမ်းရေးသမားတွေဟာ တရားစီရင်ရေးဆိုင်ရာ အပြောင်းအလဲတွေကို ထောက်ကူနေတဲ့ တွေးခေါ်ပညာရှင်အဖွဲ့ Kohelet မူဝါဒဖိုရမ်ရဲ့ ဌာနချုပ်ကို ပိတ်ဆို့ဖို့ သဲအိတ်တွေပုံပြီး ဆူးကြိုးတွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ နိုင်ငံတဝန်းရှိ အဓိကလမ်းဆုံတွေကို ပိတ်ခဲ့ကြပြီး မြောက်ပိုင်း ဟိုင်ဖာဆိပ်ကမ်းတလျှောက်မှာလည်း ရေယာဉ်သင်္ဘောတအုပ်က ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေက သူတို့ဟာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ နိုင်ငံတော်ခရီးစဉ်အဖြစ် မျှော်လင့်ထားတဲ့ တဲလ်အဗစ်မြို့ကနေ ရောမမြို့ ခရီးစဉ်ကို အနှောင့်အယှက် ဖြစ်စေဖို့အတွက် နိုင်ငံရဲ့ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယာဉ်ကြောပိတ်ဆို့မှုကို အရှိန်နှောင့်နှေးအောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
လေဆိပ်ကိုရောက်ရှိလာတဲ့ အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben Gvir က ရဲတပ်ဖွဲ့ဟာ အနှောင့်အယှက်တွေကို ခွင့်မပြုဘူးလို့ လေဆိပ်ကွင်းပြင်ကနေ ပြောပါတယ်။
သူတို့က ဘန်ဂူရီယွန် လေဆိပ်ဝင်ပေါက်ကို ပိတ်ဆို့တားဆီးချင်တာဖြစ်ပြီး သူ့ရဲ့မူဝါဒကလည်း ယာဉ်အသွားအလာနဲ့ အဓိကလမ်းတွေ ပိတ်ဆို့ခြင်းကနေ တားဆီးဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။