ပဲရစ်-နိုက်စ် စက်ဘီးစီးပြိုင်ပွဲ စလိုဗေးနီးယားနိုင်ငံသား ထိပ်ဆုံးမှ ပန်းဝင်

ပြင်သစ်နိုင်ငံက ပဲရစ်-နိုက်စ် စက်ဘီးစီးပြိုင်ပွဲကို မတ် ၁၁ ရက်က ကျင်းပခဲ့ရာ စလိုဗေးနီးယား နိုင်ငံသား တာဒေးပိုဂါချာ က ထိပ်ဆုံးကပန်းဝင်နိုင်ခဲ့ပါတယ်။
ပိုဂါချာက ပြင်သစ်နိုင်ငံသား ဒေးဗစ်ဂေါ်ဒူနဲ့ ဒိန်းမတ်နိုင်ငံသား ဂျိုးနက်စ် ဗင်ဂီဂေါ့တ်တို့ကို ကျော်ဖြတ်အနိုင်ယူခဲ့တာဖြစ်ပြီး ၁၅ ဒသမ ၇ ကီလိုမီတာအကွာ အဝေးရှိ တောင်တက်ခရီးစဉ်ကို သူတို့ ၃ ဦး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာပါ။
ယူအေအီး အမ်းမရိတ်စက်ဘီးစီးအဖွဲ့က ပိုဂါချာနဲ့ ဂရုပါးမား-အက်ဖ်ဒီဂျေ စက်ဘီးစီးအသင်းက ဂေါ်ဒူတို့ဟာ ကောဒီလာကူယိုးလ် တောင်ကြောတစ်လျှောက် နည်းလမ်းပေါင်းစုံနဲ့ အပြန်အလှန် ပိတ်ဆို့ကာ ထိပ်ဆုံးတစ်နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြပြီး ဂျမ်ဘို-ဗစ်မာ စက်ဘီးစီးအဖွဲ့ဝင် ဗင်ဂီဂေါ့တ်ကတော့ နောက်မှာပြတ်ကျန်မနေဖို့အတွက် အကောင်ဆုံးကြိုးပမ်းခဲ့ပါတယ်။
ဗင်ဂီဂေါ့တ် ဟာ ပြိုင်ပွဲတစ်လျှောက် ထိပ်ဆုံးနှစ်ယောက်အနောက်မှာ နောက်ကျကျန်နေခဲ့ပေမယ့် ပန်းတိုင်နဲ့နီးကပ်လာချိန်မှာ အားကုန်ဖွင့်နင်းခဲ့သလို ပိုဂါချာကလည်း သူရဲ့ ပုံစံအတိုင်း အရှိန်မြင့်ကာ ထိပ်ဆုံးနေရာက ပန်းဝင်နိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ဒုတိယအဆင့်ကို အခုလို အနိုင်ရရှိခဲ့တာပါ။