အီရန်အစိုးရက ဆန္ဒပြသူ ၂၂,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး

အီရန်နိုင်ငံရဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ လူပေါင်း ၂၂,၀၀၀ ကျော်ကို အီရန် တရားရေးအာဏာပိုင်တွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း တရားစီရင်ရေး အကြီးအကဲ ဂိုလမ်ဟော့စိန် မိုဆေနီ အီဂျေးက မတ် ၁၃ ရက်မှာ ပြောပါတယ်။
“အခုချိန်အထိ သူ့ဆီပေးထားတဲ့ အစီရင်ခံစာတွေအရ စုစုပေါင်း လူ ၈၂,၆၅၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါပြီ” လို့ အီဂျေးက ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေကနေ ပြစ်မှုထင်ရှားစီရင်ခြင်း မခံရသေးခင်မှာဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံရသူတွေအထိ ဆန္ဒပြပွဲတွေနဲ့ ဆက်နွှယ်သူ ၂၂,၆၂၈ ဦးကို အဓိပတိ ခေါင်းဆောင်ကြီးက အမိန့်ပေးခဲ့တဲ့အပေါ် အခြေခံပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ကို ဘယ်ကာလမှာ ပေးခဲ့တာလဲ ဒါမှမဟုတ် လူတွေကို ဘယ်တုန်းက စွဲချက်တင်တယ်၊ ဒါမှမဟုတ် ဘယ်လိုစွဲချက်တင် မတင် စတာတွေကိုတော့ အသေးစိတ် မပြောပြခဲ့ပါဘူး။
သဘောထားကွဲလွဲမှုတွေကို ပြင်းထန်စွာ ဖြိုခွင်းမှုအတွင်း ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူအချို့ အပါအဝင် ထောင်သောင်းချီတဲ့ အကျဉ်းသားတွေကို အဓိပတိခေါင်းဆောင်ကြီး ခါမေနီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြီးခဲ့တဲ့လ အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက အီရန်နိုင်ငံရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုမှာ အီရန်-ကာ့ဒ် အမျိုးသမီးငယ်တဦး သေဆုံးပြီးကတည်းက အီရန်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြပွဲတွေမှာ အလွှာပေါင်းစုံက အီရန်နိုင်ငံသားတွေ ပါဝင်ခဲ့ကြပြီး ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်ပါတယ်။
DVB