လီဗာပူးတိုက်စစ်မှူးဆာလာ၏နေအိမ်ကနေ ခိုးယူခံရသည့် ဘောကန်ဖိနပ်နှင့် ဆုတံဆိပ်များ ပြန်ရ

41
အီဂျစ်နဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာရဲ့နေအိမ်ကနေ ခိုးယူခံခဲ့ရတဲ့ဘောလုံးကန်ဖိနပ်နဲ့ ဆုတံဆိပ်တွေကို အီဂျစ်ရဲတပ်ဖွဲ့က ပြန်လည်ရယူပေးခဲ့ပါတယ်။
ဆာလာရဲ့ အီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုကနေ အိမ်မှာ အခိုးခံရတာဖြစ်ပြီး ဘောလုံးကန်ဖိနပ်တွေအပြင်၊ အာဖရိကဖလားဒုတိယဆုတံဆိပ်တွေနဲ့ တခြားပစ္စည်းတွေလည်း အခိုးခံခဲ့ရတာပါ။
ဆာလာဟာ အာဖရိကဖလားမှာ ချန်ပီယံမဖြစ်ခဲ့ပေမဲ့ ၂၀၁၇ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့ဖူးပါတယ်။
ခိုးယူသူတွေထဲမှာ ဆာလာရဲ့ အိမ်ရာမှာ လုံခြုံရေးတာဝန်ယူထမ်းဆောင်ခဲ့ဖူးသူတစ်ဦး ပါဝင်ကြောင်း အီဂျစ်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။