close

ရီးရဲလ်မက်ဒရစ်နှင့် နာပိုလီအသင်း နိုင်ပွဲကိုယ်စီဖြင့် ချန်ပီယံလိဂ် ကွာတားတက်

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ နာပိုလီအသင်းတို့ နိုင်ပွဲကိုယ်စီနဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။

နာမည်ကြီး ရီးရဲလ်မက်ဒရစ်က အိမ်ကွင်းမှာ လီဗာပူးကို တိုက်စစ်မှူး ဘန်ဇီမာ သွင်းတဲ့ဂိုးနဲ့ အနိုင်ရသွားတာပါ။

ရီးရဲလ်ဟာ နှစ်ပွဲပေါင်းရလဒ် ၆ ဂိုး ၂ ဂိုးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

လီဗာပူးကတော့ ချန်ပီယံလိဂ်မှာ ၃ နှစ်ဆက်တိုက်ဆိုသလို ရီးရဲလ်မက်ဒရစ်နဲ့ဆုံတိုင်း ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

နောက်ပွဲစဉ်မှာ နာပိုလီက အိမ်ကွင်းမှာ ခြေစွမ်းပြကစားပြီး ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

နာပိုလီအသင်းဟာ နှစ်ပွဲပေါင်း ရလဒ် ၅ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို အသင်းရဲ့သက်တမ်းမှာ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

Up